Lesson 8 (Gravity & Layout Gravity)

Sunday, January 17, 2016
Posted by Wai Hlyan

Lesson 8 (Gravity & Layout Gravity)

ကျွန်​​တော်​ lesson 7 မှာကြော်​ငြာခဲ့တဲ့အတိုင်း Gravity နဲ့ Layout Gravity အ​ကြောင်းတင်​​ပေးမှာ ဖြစ်​ပါတယ်​။

Gravity ဆိုတာ Item ​တွေကို အလယ်​ ​ဘယ်​ ညာ အ​ပေါ် ​အောက်​ ထားတာပါ။ ဥပမာ Layout တစ်​ခုထဲမှာ Button တစ်​ခုပါမယ်​ဗျာ။ အဲ့Buttonကို Layout ရဲ့ အ​ပေါ်မှာထားမလား အလယ်​မှာထားမလား ​အောက်​မှာထားမလား။ ကိုယ်​ထားချင်​တဲ့​နေရာကို Gravity နဲ့သုံးပြီိးထားပါတယ်​။ Gravity ကို Linear Layout မှာပဲသုံးလို့ရပါတယ်။

ဥပမာနဲ့​ပြောမယ်​​နော်​။ Button တစ်​ခုကို အ​ပေါ်မှာထားချင်​တယ်​ဆိုရင်

<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:orientation="vertical"
android:gravity="center">

<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"/>

</LinearLayout>

အဲ့လိုထည့်​ရပါတယ်​။
android:gravity ကိုစစလုပ်​ချင်း project အသစ်​လုပ်​တိုင်း center ​ပေးထားပါတယ်​။ အဲ့code ​တွေကို Run ရင်​ အလယ်​တည့်​တည့်​မှာ ခလုပ်​တစ်​ခုရပါတယ်​။ android:gravity ကို Limear Layout ထဲမှာထည့်​ထားလို့ </LinearLayout> မပိတ်​မချင်းကြားထဲမှာ ရှိတဲ့ item ​တွေအကုန်​လုံး အလယ်​မှာပဲ ရှိ​နေပါလိမ့်​မယ်​။ ​နောက်​တစ်​မျိုးလုပ်​ကြည့်​တာ​ပေါ့။

Button ကိုအ​ပေါ်မှာထားမယ်​ဆိုရင်​ center ​နေရာမှာ top လို့ထည့်​လိုက်​ပါ။

ဘယ်​ဘက်​မှာကပ်​ချင်​ရင်​ left
ညာဖက်​မှာကပ်​ချင်​ရင်​ right
အ​ပေါ်မှာဆို top
အောက်​ဖက်​ကပ်​ရင်​ bottom
ဒေါင်​လိုက်​အလယ်​ဆိုရင်​ center_vertical
အလျားလိုက်​အလယ်​ဆိုရင်​ center_horizontal

အဲ့key ​လေး​တွေ ထည့်​ပြီး စမ်းကြည့်​ပါ။ ​နောက်​ထပ်​ရှိပါ​သေးတယ်​။ အသုံးနည်းလို့မ​ပြောပြ​တော့တာပါ။

•Layout Gravity

Gravity မှာက center လို့​ခေါ်လိုက်​ရင်​ အကုန်​လုံးက အလယ်​မှာချည်း​ရောက်​​နေတယ်​​ဗျာ။ အခုကိုယ်​လိုချင်​တာက ဘယ်​မှာတစ်​ခု ​ညာမှာ တစ်​ခုဆိုရင်​​တော့ Layout gravity ကိုသုံးပါတယ်​။ အ​ပေါ်က tutorial မှာလုပ်​ခဲ့တဲ့ android:gravity="center" ဆိုတဲ့စာ​ကြောင်းကိုဖျက်​လိုက်​ပါ။
ပြီးရင်

<?xml version="1.0" encoding="utf-8"?>
<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:orientation="vertical">

<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"
android:layout_gravity="left"/>

<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"
android:layout_gravity="right"/>

</LinearLayout>
အဲ့တိုင်းထည့်​လိုက်​ပါ။ အဲ့ကျရင်​ ဘယ်​တစ်​ခု ညာတစ်​ခုဖြစ်​​နေပါလိမ့်​မယ်​။

များ​သောအားဖြင့်​ Layout Gravityကို Layout နှစ်​ဆင့်​သုံးရင်​ ပိုပြီးအသုံးများပါတယ်​။ ဥပမာ Linear Layout ထဲမှာ Linear Layout ထပ်​ထည့်​မယ်​ဆိုရင်​ Layout Gravity ကိုသုံးပါတယ်​။ အ​သေးစိတ်​ကို ​နောက်​ tutorial ​တွေမှာ အင့်​ရင်​သင့်​သလို ရှင်းပြ​ပေးသွားပါမယ်​။

မရှင်းလင်းတာ​တွေကို Comment မှာ​မေးသွားနိုင်​ပါတယ်​။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

Lesson - 7 (Layout & Size)

Sunday, January 10, 2016
Posted by Wai Hlyan

Lesson 7 (Layout & Size)

ဒီ​နေ့တင်​​ပေးမှာက အ​ရေးအကြီးဆုံးအခန်းဖြစ်​တဲ့ Layout အခန်းပါ။ ဘာဖြစ်​လို့အ​ရေးကြီးတာလဲဆို​တော့ ​ဆော့ဝဲတိုင်းမှာ သုံးရမှာမို့လို​ပါ။ ကျွန်​​တော်​ကလဲ တစ်​ခု​လောက်​တင်​​ပေးပြီး ၁ပတ်​​လောက်​နားတာဆို​တော့ မှတ်​မိ​သေးလားမသိပါဘူး။

•Layout ဆိုတာ နားလည်​​အောင်​​ပြောရရင်​ အလွှာ​ပေါ့ဗျာ။ သူများ​တွေက​တော့ ဘယ်​လိုအဓိပ္ပါယ်​ ဖွင့်​လဲမသိဘူး။ ကျွန်​​တော်​က နားလည်​​အောင်​​ပြောလိုက်​တာပါ။ ဥပမာတစ်​ခု​ပြောပါမယ်​။ button တစ်​ခုကိုလုပ်​မယ်​ဆို button ရဲ့code ​တွေဖြစ်​တဲ့
<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"/>

ဆိုတဲ့code ​တွေကို ထည့်​ရပါတယ်​။ ဒီနည်းကို lesson 3 မှ​ပြောထားပြီသားပါ။ button apk တစ်​ခုလုပ်​ရင်​ အဲ့ဒါနဲ့ပဲမပြီးပါဘူး။ project အသစ်​လုပ်​လိုက်​ရင်​ ဘာမှမထည့်​ခင်​​ပေါ်တဲ့code ​တွေမှာ <LinearLayout .........> ဆိုပြီး​တော့ စ​ပေးထားပြီ </LinearLayout> ဆိုပြီး ပြန်​ပိတ်​​ပေးထားပါတယ်​။ အဲ့ဒါ Layout တစ်​ခုပါ။
Layout နှစ်​မျိုးရှိပါတယ်​။ LinearLayout နဲ့ RelativeLayout ဆိုပြီးရှိပါတယ်​။ LinearLayout က သူ့ထဲမှာထည့်​မယ့်​ item(buttonတို့textField)တို့ကို LinearLayout က​နေလှမ်းထိန်းချုပ်​နိုင်​ပြီး​တော့ RelativeLayout က​တော့ Item ​တွေကိုယ်​တိုင်​ ထိန်းချုပ်​နိုင်​ပါတယ်​။ ဥပမာ LinearLayout မှာ android:orientation ကို vertical လုပ်​ထားမယ်​ဆိုရင်​ </LinearLayout> မ​ရောက်​သ​ရွေ့ item ​တွေအကုန်​လုံးက ​ဒေါင်​လိုက်​အ​နေအထားနဲ့ စီသွားပါလိမ့်​မယ်​။
(မှတ်​ချက်​>> Item များမှာ Button များ Text များ TextField များ ကိုရည်​ညွှန်းသည်​။) ပြီး​တော့ android:orientation ကို horizontal လုပ်​လိုက်​ရင်​ </LinearLayout> နဲ့မပိတ်​သ​ရွေ့ အလျားလိုက်​အတိုင်း စီသွားပါလိမ့်​မယ်​။ တကယ်​လို့ <RelativeLayout နဲ့ဆိုရင်​ android:orientation ကအလုပ်​မလုပ်​ပါဘူး။ သူက item က​နေလုပ်​ရတာပါ။ ဥပမာ ခလုပ်​တစ်​ခုကို အလယ်​မှာထားချင်​ရင်​ <Button ဆိုတဲ့ code ​တွေထဲမှာ android:layout_gravity="center" ဆိုတာ​လေးထည့်​ရတာ​ပေါ့။ {layout_gravity အ​ကြောင်းကို Lesson 8တွင်​ ရှင်းလင်း​ပေးသွားပါမည်​။} သူကနည်းနည်း​တော့ အလုပ်​ရှုပ်​တယ်​။ ဒါ​ပေမယ့်​ ခလုပ်​​တွေ တစ်​ခုနဲ့တစ်​ခု ထပ်​ထားလို့ရတယ်​။ ကိုယ်​ကြိုက်​တဲ့​နေရာထားလို့ရတယ်​။ ကျွန်​​တော်​အကြံပြုချင်​တာက​တော့ Linear Layout က RelativeLayout ထက်​ ပိုလွယ်​တာ​ကြောင့်​ မကျွမ်း​သေးရင်​ Linear Layout ပဲသုံးကြပါလို့အကြံပြုပါတယ်​ခဗျာ။

•Size
Size ​တွေအ​ကြောင်း​ပြောမယ်​​နော်​။ ကျွန်​​တော်​လုပ်​ခဲ့တဲ့ Lesson ထဲမှာ ​တွေ့မိမှာ​ပေါ့။ android:layout_width တို့ android:layout_height တို့။ အဲ့အ​ကြောင်း​လေး​ပြောပါမယ်​။ android:layout_width ဆိုတာ အလျားလိုက်​အကျယ်​​ပေါ့။ android:layout_heightဆိုတာက အမြင့်​​ပေါ့။ သူ့မှာvalue သုံးမျိုးရှိပါတယ်​။value ဆိုတာက ညီမျှခြင်းထိုးပြီး "" ထဲ​ရေးတာ​ပေါ့။ ​ရှေ့က android:layout_width တို့ android:layout_heightတို့ android:textတို့က key လို့​ခေါ်ပါတယ်​။(​ကြော်​ငြာဝင်​လိုက်​တာ :-P :-P )  အ​ပေါ်ပြန်​သွားမယ်​ဗျာ။ အဲ့ value သုံးမျိုးက-
1• Match_parent
2•Wrap_content
3•Fix Size တို့ပါ။

•Match_parent
ဒီဟာက​တော့ အသုံးနည်းပါတယ်​။ သူ့အ​ကြောင်းနည်းနည်း​ပြောပြမယ်​​နော်​။ ဥပမာ Button နှစ်​ခုကို အလျားလိုက်​အတိုင်းထားမယ်​ဆိုရင်​ button ​တစ်​ခုရဲ့အကျယ်​ကို screenရဲ့ ၃ပုံတစ်​ပုံ​လောက်​ထားပြီး ​နောက်​တစ်​ခုကို match_parent ထားမယ်​ဆို ကျန်​တဲ့ ၃ပုံ၂ပုံကို match_parent ထားတဲ့ ခလုပ်​က ယူသွားပါလိမ့်​မယ်​။ match_parent က​နောက်​ပိုင်း tutorial ​တွေလုပ်​ရင်း နားလည်​သွားပါလိမ့်​မယ်​။

•Wrap_content

ဒီဟာက ကျွန်​​တော်​​ရှေ့ပိုင်း lesson ​တွေမှာ သုံးခဲ့တဲ့ value ​တွေပါ။ wrap_content သုံးရင်​ သူ့ထဲမှာရှိတဲ့ item ​တွေရှိသ​လောက်​ပဲ ​နေရာယူတာပါ။ ဥပမာ ခလုပ်​တစ်​ခုကို wrap_content နဲ့size ယူမယ်​ဆို ခလုပ်​မှာထည့်​ထားတဲ့ စာလုံးရှိသ​လောက်​ပဲ ​နေရာယူမှာပါ။ ဥပမာ ခလုပ်​တစ်​ခုမှာ android:text က Help လို့ပဲ​ရေးထားရင်​ Help စာလုံးအကျယ်​​လောက်​ပဲ button ကကျယ်​မှာပါ။ ​ဘေးကိုလည်းမပိုပါဘူး။ တကယ်​လို့ android:text မှာ introduction လို​​ရေးထားရင်​​တော့ button က introduction ဆိုတဲ့ စာလုံးအကျယ်​​လောက်​ ကျယ်​သွားပြီး Help ဆိုတဲ့ Button ထက်​ ကြီးသွားမှာ​ပေါ့။ ဒီ​လောက်​ဆို wrap_content အ​ကြောင်းနားလည်​​လောက်​ပါပြီ။

Fix_size
ဒီမှာနှစ်​မျိုးထပ်​ကွဲပါတယ်​။

Fill_parentနဲ့ dp ဆိုတဲ့ ယူနစ်​ပါတဲ့ size ပါ။
Fill_parent အ​ကြောင်းအရင်​​ပြောပါမယ်​။ fill_parent ဆိုတာ အပြည့်​ယူတာ​ပေါ့။ ဥပမာ ခလုပ်​တစ်​ခုရဲ့ အကျယ်​ကို screen အပြည့်​ယူချင်​ရင်​ android:layout_width="fill_parent"ဆိုပြီး သုံးရပါတယ်​။ ​နောက်​ပြီး အမြင့်​ပါအပြည့်​ထပ်​ယူချင်​ရင်​ android:layout_height ကို fill_parent လုပ်​လိုက်​​ပေါ့။
နောက်​တစ်​ခုက dp နဲ့​ရေးတာပါ။ dp ဆိုတာ အတိုင်းအတာရဲ့ ယူနစ်​ပါ။ သူက button တို့ text တို့ကို တစ်​ညီတည်းထားချင်​ရင်​ သုံးတာပါ။ ဥပမာ ခလုပ်​နှစ်​ခုကို အကျယ်​အတူတူပဲ ထားချင်​ရင်​ wrpa_contentလည်းသုံးလို့မရပါဘူး။ ဘာဖြစ်​လို့လဲဆို​တော့ စာလုံးချင်းမှမတူတာ။ fill_parent လိုအပြည့်​လဲမထားချင်​ပါဘူး။ အဲ့ကျရင်​ ခလုပ်​နှစ်​ခုလုံးရဲ့ layout_width value ကို 100dp လို့သုံးပါတယ်​။ နည်းနည်းထပ်​ကျယ်​ချင်​​သေးရင်​ 150dp တို 200dp တို့ ကြိုက်​သလို့သုံးလို့ရပါတယ်​။ height လဲအဲ့တိုင်းပါပဲ ခလုပ်​နှစ်​ခုလုံးကို android:layout_height="80dp" ဆိုပြီး နှစ်​ခုလုံးထည့်​လိုက်​ရင်​ အမြင့်​တူသွားပါပြီ။ အဲ့​လောက်​ဆို စိတ်​ကြိုက်​ထည့်​ပြီးသုံးကြည့်​ပါ။

အစက​တော့ Layout ဆိုပြီး lesson တစ်​ခါ size ဆိုပြီး lesson တစ်​ခါ တင်​​ပေးမလို့ပါ။ နှစ်​ခုလုံးအ​ရေးကြီးတာမို့လို့ တစ်​ကွဲတစ်​ပြားစီ မဖြစ်​​အောင်​ စုတင်​​ပေးလိုက်​တာပါ။ ​နောက်​ထပ်​ အ​သေးစိတ်​ကို ​နောက်​ထပ်​Lesson ​တွေမှာကြုံရင်​ကြုံသလို ​ပြောပြ​ပေးသွားပါမယ်​။

အဆင်​မ​ပြေတာ​လေး​တွေ comment မှာ ဝင်​​ပေးနိုင်​ပါတယ်။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

အကြောင်းအမျိုးမျိုးကြောင့် ကွန်ပြူတာ မကိုင်နိုင်သေးလို့ AIDE.apk သုံးရင်း ကြုံတွေ့ရသည့် ပြသနာဖြေရှင်းနည်း။
      ဒီ post ကိုတော့ ကျွန်တော်ကိုယ်တိုင် မိန်းမက ကွန်ပြူတာ မဝယ်ပေးသေးသောကြောင့် AIDE သုံးရင်း ကျော်လွှားခဲ့ရတဲ့နည်းကို ပြောပြမှာပါ။��
      AIDE ဟာfree ဖြစ်တဲ့အတွက် သုံးရတာဟာ ကောက်ညှင်းစားပြီး ပလွေမှုတ်ရသလို လက်ပေါက်ကပ်လှပါတယ်။
java ဖိုင် နှစ်ခုထက် ပိုပြီး create လုပ်လို့မရပါဘူး။ လုပ်မိရင် ဘဏ်အကောင့်တောင်းပါလေရော။ စုဗူးလောက်တောင်းတယ်ဆိုလည်း ဟုတ်သေး။�� တတ်နိုင်ဘူးလေ။ဝါသနာပိုးက သေးမှမသေးပဲ။ သုံးရတာပေါ့။
ကဲပြောနေရင်ကြာတယ်။မပြောရင်မကြာဘူး။
       ကျွန်တော်နဲ့ ဘဝတူတွေကတော့ အောက်ပါ အချက်တွေအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပေးရင် AIDE နဲ့လည်း Large Projects တွေ ရေးနိုင်ပါတယ်။
၁။ ။ AndroidManifest မှာ ကိုယ်လုပ်ချင်သလောက် java ဖိုင်ရဲ့နာမည်တွေကို ရေးနည်းအတိုင်း ရေးပေးပါ။
၁။   ။ ကိုယ့် project ရဲ့ တားဂတ်အလိုက် လိုအပ်မယ့် ဓာတ်ပုံတွေ၊ သီးချင်းတွေ၊ ဗွီဒီယိုတွေ၊ textဖိုင်တွေ၊ ဘာဖိုင်တွေ ညာဖိုင်တွေကို သက်ဆိုင်ရာ folder တွေမှာ ထည့်ပေးပါ။ android.support.v4တို့ v7တို့ ဘာတို့ကို import လုပ်ရမယ့် အခြေအနေမျိုးဆိုရင် အဲ့ဒီ v4,v7တွေကို ဒေါင်း libs ဆိုတဲ့ folder ဆောက်ပြီး ထည့်ပေးလိုက်ပါ။
၃။   ။ ပြီးရင်တော့ xmlဖိုင်တွေ ရေးပေါ့။ ကိုယ့်ရဲ့ ပရောဂျက်မှာ java ဖိုင်က လွဲလို့ တခြားဘာမှ လုပ်စရာမရှိတော့ဘူးဆိုရင် save လိုက်ပါ။သတိထားရမှာက error ရှိနေရင် လုံးဝ save မရဘူးနော်။ဒီနေရာမှာ saveတယ်ဆိုတာ ကိုယ့် projectထဲမှာ ရှိသမျှဖိုင်တွေကို R.java ဖိုင်ထဲကို ပို့တာကိုပြောချင်တာ။ error ရှိနေရင် ကြိုက်သလောက် save။ R.java ဖိုင်ထဲကို ရောက်မသွားဘူး။ R.java မှာ မရှိတဲ့ file,folder,idတွေကို javaဖိုင်တွေကနေ လှမ်းခေါ် ချိတ်လို့မရတော့ဘူး။ save ပြီးရင် ကိုယ့်ထည့်ခဲ့သမျှ ရေးခဲ့သမျှတွေ R.javaမှာ ရှိ မရှိ သွားကြည့်ပေါ့။ ရှိတယ်ဆိုရင် AndroidManifestမှာ ကိုယ်ရေးခဲ့တဲ့ javaဖိုင်နာမည်တွေအတိုင်း ၏သည် မလွဲအောင် javaဖိုင်များကို ရေးနိုင်ပါပြီ။AndroidManifestမှာ ၅ခုရေးထားရင် javaဖိုင် ၅ခုရေးနိုင်ပါပြီ။Manifestမှာ ၅ခဆိုရင်ု java ဖိုင် ၆ခုရေးလို့မရဘူးနော်။
၎။ ။ javaဖိုင်တွေရေးပြီးရင် မsave နဲ့တော့ ။ run သာ runတော့။error ကင်းရင် Large Project ကို အသင်ဖန်တီးပြီးသွားပါပြီ။ Large Projectဆိုတာ AIDE ရဲ့ အဆိုအတိုင်းပြောတာနော်။ AIDE က javaဖိုင် နှစ်ခုထက်ပိုတဲ့ project ကို large project အဖြစ်သတ်မှတ်ပြီး full featureအတွက် ပိုက်ပိုက်တောင်းတာကို ရည်ညွှန်းပြီး သုံးတာပါ။

အဓိက အချက်ကတော့ ကိုယ်ထည့်လိုက်တဲ့ folder,file,id,stringစတာတွေ ကို R.java ဖိုင်ထဲထည့်နိုင်ဖို့ပဲ။ ပြီးရင်တော့ ကိုယ်လက်ဝါးစောင်းထက်ဖို့ပဲ။

ကဲ...ဒါဆိုရင်တော့ ကွန်ပြူတာမရှိသေးတဲ့ ဘဝမှာ AIDE လေးနဲ့ ဖက်အိပ်ပြီး အာသာဖြေနိုင်ပါသေးတယ်လို့...������



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

Lesson 6 (Text Hint)

Saturday, January 2, 2016
Posted by Wai Hlyan

Lesson 6 (Hint Text)

Lesson ​တွေ ပြန်​စကြတာ​ပေါ့။ Page က Admin အကို​တွေ ပြန်​လာလို့ ခွင့်​ယူတာ နည်းနည်းများသွားတယ်​။ :-P :-P

Lesson 6 က​တော့သိပ်​​ထွေ​ထွေထူးထူး မရှိပါဘူး Lesson 5 က Text Field လက်​ကျန်​​လေးပါ။ ဥပမာ Google apk လိုမျိုးပဲ။ Text Field မှာ အ​ရောင်​မှိန်မှိန်​​လေးနဲ့ စာရိုက်​လိုက်​ရင်​ အဲ့စာ​လေးက ​ပျောက်​သွားတဲ့ စာ​လေး​ပေါ့။ ဒီ​လောက်​ဆို မျက်​စိထဲ​ပေါ်လာ​လောက်​ပြီး​ပေါ့။
-ဟုကဲ့
(ကွကိုယ်​ပဲ​ဖြေလိုက်​တယ်​)


အရင်​ဆုံးLesson 5 က Text Field ​လေးတစ်​ခုလုပ်​လိုက်​ပါ။ မှတ်​မိ​​သေးပါတယ်​​နော်​။ မမှတ်​မိရင်​ပြန်​ကြည့်​​ပေါ့​ဗျာ။ အဲ့မှာ <EditText ​နောက်​က​နေ တစ်​​ကြောင်းဆင်းလိုက်ပြီး
android:hint="Type your name" အဲ့တာ​လေးထည့်​ကြည့်​​ပေါ့။ Type your name ဆို​တော့ သင့်​နာမည်​​ရေးပါ​ပေါ့။ code အပြည့်​အစုံကို အ​ပေါ်က ပုံမှာ ကြည့်​ပါ။ ပြီးရင်​ Run ကြည့်​​ပေါ့။


ဒီလိုမှိန်​မှိန်​​လေး​ပေါ်​နေမယ်​​နော်​။ စာရိုက်​လိုက်​ရင်​ auto ​ပျောက်​သွားလိမ့်​မယ်​။


ဒီတစ်​ခုကျ​တော့ ဥပမာ Browser apk ​လေးလုပ်​မယ်​​ပေါ့။ Browser ​apk မှာ Website ​address ​ရေးတဲ့ Box ​လေးလုပ်​မယ်​​ပေါ့။ အဲ့ကျရင်​ ​ရှေ့ဆုံးမှာ Website address ​တွေရဲ့အစ http:// ​လေးရိုက်​စရာမလို​အောင်​​အစတည်းက ထည့်​​ပေးထားမယ်​​နော်​။ အဲ့လိုလုပ်​မယ်​ဆို <EditText ​နောက်​က​နေ တစ်​​ကြောင်းဆင်းပြီး android:text="http://" ဆိုပြီးထည့်​​ပေးလိုက်​မယ်​​ပေါ့။ ပြီး​တော့ inputType ကို textUri လို့​ပေးလိုက်​​ပေါ့။ android:inputType="textUri" ​လေး​ပေါ့ အဲ့ကျရင်​ Keyboard မှာ .com ဆိုတဲ့ခလုပ်​​လေးပါလာလိမ့်​မယ်​​ပေါ့။
Code အပြည့်​အစုံက
<?xml version="1.0" encoding="utf-8"?>
<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:gravity="center"
android:orientation="horizontal">

<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Address"
android:textSize="20sp"/>

<EditText
android:layout_height="wrap_content"
android:inputType="textUri"
android:ems="10"
android:layout_width="wrap_content"
android:text="http://"/>

</LinearLayout>

ပြီးရင်​ Run ကြည့်​​ပေါ့။


ပုံမှာ​တွေ့ရတဲ့အတိုင်းပဲ http://​လေး auto ပါ​နေလိမ့်​မယ်​။


အခုကျွန်​​တော်​​ ​ပေါက်​​ပေါက်​ရှာရှာ​တွေးမိလိုက်​လို့ ထပ်​ဖြည့်​​ပေးလိုက်​ပါတယ်​။ အဲ့ဒါက android:text နဲ့ android:hint နဲ့တွဲသုံးကြည့်​တာ​ပေါ့။ အ​ပေါ်က project ကိုပဲပြန်​ဖွင့်​ပြီး​တော့ android:hint="Web Address" လို့ထည့်​ကြည့်​လိုက်​ပါ။
Code အပြည့်​အစုံက
<?xml version="1.0" encoding="utf-8"?>
<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:gravity="center"
android:orientation="horizontal">

<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Address"
android:textSize="20sp"/>

<EditText
android:layout_height="wrap_content"
android:inputType="textUri"
android:ems="10"
android:layout_width="wrap_content"
android:text="http://"
android:hint="Web Address"/>

</LinearLayout>

ပြီးရင်​Run ကြည့်​ပါ။



တွေ့ရတဲ့အတိုင်းပဲ http://က​ပေါ်​နေမှာဖြစ်​ပြီး http://ကိုဖျက်​လိုက်​ရင်​​တော့ Web Address ဆိုတဲ့ hint ​လေး​ပေါ်လာမှာ​ပေါ့​ဗျာ။

အဆင်​မ​ပြေတာ​လေး​တွေ comment မှာ​မေးသွားနိုင်​ပါတယ်​။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

Lesson 5 (Text Field)

Tuesday, December 29, 2015
Posted by Wai Hlyan

Text Field
°°°°°°°°°°

ဒီအခန်းအတွက် project အသစ်ဆောက်လိုက်ပါ။


အရင်အတိုင်းပဲ LinearLayout မှာ android:orientation ကို vertical မထားပဲ horizontal ထားလိုက်ပါ။ အဲ့ကြောင်းကို နောက်ပိုင်းမှ ဖော်ပြပေးပါမယ်။ ဒီအခန်းက Email တို့ passwordတို့ ရိုက်တဲ့ box လေးအကြောင်း ပါ။


ပထမဆုံးtutorialမှာလို android:textကို Massage လို့နာမည်ပေးလိုက်ပါ။ <TextView......../>ရဲ့ နောက် ကနေ နှစ်ကြောင်းလောက် ဆင်းလိုက်ပါ။ ပြီးရင်အောက် က codeလေးတွေကို ထည့်ကြည့်ပါ။

<EditText
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

TextSize ကသေးနေတယ်ဗျ။ ဟိုးအရင်က tutorial ထဲကလို TextSize ပြင်ကြည့်ဗျာ။ Size က 20sp လောက်ထားရင် အိုကေတယ်။ အရင်သင်ခန်းစာတွေ ကျေညက်ခဲ့ရင် ပြန်ကြည့်စရာ မလိုဘူးပေါ့ဗျာ။ ပြီးရင် run ကြည့်ပါ။


ဂလိုလေးပေါ့။


Password ထည့်တဲ့ Text Fieldလုပ်မယ်ဗျာ။ အပေါ်က android:text က Massage နေရာမှာ password လို့ ပြောင်းလိုက်ပါ။ Edit text ကိုပဲ password လုပ် လို့ရတယ်နော် ဒါပေမယ့် passwordရိုက်လိုက်ရင် စာလုံး တွေကပေါ်နေမှာပေါ့။ password လို ရိုက်ပြီးခဏ နေတာနဲ့ အစက်လေးတွေဖြစ်အောင် လုပ်မယ်နော်။ စော စောကထည့်ထားတဲ့

<EditText နောက်ကနေ တစ်ကြောင်းဆင်းလိုက်ပါ။ ပြီးရင် android:inputType="textPassword" လို့ထည့်ပါ။

code အပြည့်အစုံက ဒီလိုနော်။

<EditText
android:inputType="textPassword"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>


ဒီလိုအစက်လေးတွေဖြစ်သွားတာပေါ့။


နောက်ထပ် စာလုံးpassword ပြီးရင် ဂဏန်းpassword လုပ်ကြည့်မယ်နော်။ စောစောကထည့်ထားတဲ့ android:inputType ကိုဖျက်ပြီး android:inputType="numberPassword" လို့အစားထိုး လိုက်ပါ။ အပြည့်အစုံက ဒီလိုလေးနော်။

<EditText android:inputType="numberPassword"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

ပြီးရင် Run ကြည့်လိုက်ပါ။


ဒီလို​လေး​နော်​။


ဒီတစ်ခါ Email ထည့်တဲ့ Box လေးလုပ်မယ်နော်။ အ ပေါ်ကအတိုင်းပဲ android:text မှာ Password နေရာမှာ Email အစားထိုးလိုက်ပါ။ ပြီးတော့ android:inputType ကိုဖျက်ပြီး android:inputType="textEmailAddress" လို့အစားထိုး လိုက်ပါ။ အပြည့်အစုံက ဒီလိုနော်။

<EditText
android:inputType="textEmailAddress"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

ပြီးရင် Run ပြီး စာလုံးလေးတွေ ရိုက်ထည့်ကြည့်ပါ။


Keyboard မှာ @ နဲ့ .com ခုပ်​​လေးပါလာပါလိမ့်​မယ်​။


ဒီတစ်ခါ နာမည်ရေးဖို့ box လေးရေးမယ်နော်။ အ ပေါ်ကအတိုင်းပဲ android:text မှာ Email နေရာမှာ Name အစားထိုးလိုက်ပါ။ ပြီးတော့ android:inputType ကိုဖျက်ပြီး android:inputType="textPersonName" လို့အစားထိုး လိုက်ပါ။ အပြည့်အစုံက ဒီလိုလေးနော်။

<EditText
android:inputType="textPersonName"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

run ကြည့်လိုက်နော်။


ဒီလို​လေး​နော်​။


နောက်တစ်ခါ ဖုန်းနံပါတ် ထည့်တဲ့ box လေးလုပ်မယ်။ အပေါ်မှာ အများကြီးလုပ်ပြီးပြီဆိုတော့ မှတ်မိနေလောက် ပါပြီ။ နောက်မှာလဲ ကျန်သေးတော့ အတိုကောက်ပဲ ပြောကြမယ်။ text နဲ့ input လို့ပဲ ပြောတော့မယ်။ ရလားမသိဘူး။ ရရမရရ လုပ်ပြီ။ text မှာ Phone ထည့် inputမှာ android:inputType="phone" လို့ပြောင်းပြီး Run မယ်ဗျာ။


ဂဏန်း​လေး​တွေပဲ​ပေါ့။


ဒါကတော့ အချိန်ထည့်တဲ့ box ပေါ့။ text မှာ Time| input မှာ android:inputType="time" လို့ထည့်ပြီး Run ကြည့်လိုက်နော်။


အချိန်​နဲ့ဆိုင်​တာ​လေး​တွေပဲ ​ပေါ်လာတာ​ပေါ့​နော်​။


နောက်ထပ်ကျန်ပါသေးတယ်။ သိပ်ပြီးအသုံးမလိုလို့ ထားခဲ့တာပါ။ အသုံးများတာလေးတွေပဲ ထည့်ပေးလိုက် ပါတယ်။

အကုန်လုံးကို app တစ်ခုထဲမှာထည့်နည်းက Layout အကြောင်းမရှင်းရသေးလို့မပြောတော့ပါဘူး။ တကယ် လို့လုပ်ချင်ရင် main.xml က အကုန်လုံးကိုဖျက်ပြီး အောက်က code လေးထည့်လိုက်ပါ။

<?xml version="1.0" encoding="utf-8"?>
<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:gravity="center"
android:orientation="vertical">

<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal">
<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Text Password"
android:textSize="20sp"/>

<EditText
android:inputType="textPassword"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

</LinearLayout>

<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal">
<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Number Password"
android:textSize="20sp"/>

<EditText
android:inputType="numberPassword"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

</LinearLayout>

<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal">
<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Email"
android:textSize="20sp"/>

<EditText
android:inputType="textEmailAddress"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

</LinearLayout>
<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal">
<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Name"
android:textSize="20sp"/>

<EditText
android:inputType="textPersonName"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

</LinearLayout>

<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal">
<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Phone"
android:textSize="20sp"/>

<EditText
android:inputType="phone"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

</LinearLayout>

<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal">
<TextView
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Time"
android:textSize="20sp"/>

<EditText
android:inputType="time"
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"/>

</LinearLayout>

</LinearLayout>

အဆင်မပြေတာလေးတွေ Comment မှာမေးနိုင်ပါတယ် ။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

လာ​ရောက်​ကြည့်​ရှုသူများ

Welcome to My Blog

Zawgyi-Unicode

Designed by အိမ်​​ရှေ့မင်းသား-နည်းပညာ. Powered by Blogger.

Random Posts

Contact Form

Name

Email *

Message *

Thankful

Popular Posts

- Copyright © Myanmar Android Tutorials For Beginners -Robotic Notes- Powered by Blogger - Designed by Johanes Djogan -