App file တစ်ခုတည်ဆောက်ခြင်း
App ဖိုင် တစ်ခုတည်ဆောက်ရန် AIDE.apkထဲသို့ဝင်ပါ။ ပြထားတဲ့ ဟာလေးကိုရွေးပေးပါ။
ပြသထားတဲ့အတိုင်းပဲ ဆက်လုပ်ပါ။
Name မှာ ကိုယ်ပေးမယ့် နာမည်ထည့်ပါ။ ဥပမာ My Blog ဆို MyBlogပေါ့ space ခံလို့မရပါ။ မြန်မာလိုမရပါ။ package nameမှာက ရှေ့ဆုံးမှာ com. သို့မဟုတ် org.ခံရပါတယ်။ နောက်မှာ ကိုယ့်စိတ်ကြိုက် နာမည်ကို နဲ့ app နာမည်ပေါ့။နံပါတ် ထည့်လို့ရတယ်။ ဥပမာ com.mmapptutorial.helloworld ပေါ့။ ပြီးရင် Create ကိုနှိပ်ပါ။
Hello World!
အဲ့မှာမြင်ရတဲ့ code တွေကို run လိုက်ရင် အလည်တည့်တည့်မှာ Hello World! ဆိုတဲ့ စာသားရပါမယ်။
အခုမြင်ရတဲ့ codeတွေရဲ့ file name က mail.xml နော်။ အဲ့ကျတော့ ဒါ xml file ပေါ့။ ပုံစံတွေနော် main ဆိုတော့ မူရင်း ဝင်ဝင်ချင်းမှာ မြင်ရတဲ့ ဒီဇိုင်းနော်။ Hello World ဆိုတဲ့ စာသားလေးပေါ်ဖို့တောင် ဒီလောက် codeတွေ runရရင် facebook လိုဆော့ဝဲဆို ဘယ်လောက်များမလဲ စဉ်းစားကြည့်ပေတော့။ Appelication ပဲသင်သင် HTML ပဲသင်သင် PHPပဲသင်သင် အရင်ဆုံး Hello World နဲ့စမ်းကြပါတယ်။ Hello Worldလို့ပေါ်တဲ့ app ပြုလုပ်ချင်ရင်တော့အပေါ် ညာဖက်ကရေရင် ဒုတိယမြောက်က play (or) run ကိုနှိပ်ပါ။ အဲ့တာဆို ဆော့ဝဲတစ်ခုရ ပြီပေါ့။ ဆော့ဝဲမလုပ်သေးဘူး Hello World ပေါ်လားမပေါ်လားပဲ စမ်းချင်ရင် ညာဖက်အစွန်ဆုံးကိုနှိပ်ကြည့်ပေါ့။
ပြီးရင် Install ပေါ့
အစမ်းအနေနဲ့ တစ်ဆင့်တက်ပြီး "@string/hello_world" နေရာမှာ "Hi World! " လို့ထည့်ကြည့်ပါဦး။
ပြီးရင် ကိုယ့်နာမည်လေးထည့်ပြီး runကြည့်ပေါ့။ " တွေ " တွေ ကျန်မယ်နော်။
တွေ့တယ်နော်။ ပြီးရင် ကိုယ့် နာမည်တွေ ထည့်ပြီး စမ်းကြည့်ပေါ့။ ဒီနေ့တော့ နည်းနည်းပင်ပန်းလာလို့ ဒီလောက်ပဲတင်နိုင်တော့မယ်။ နောက်နေ့ လည်းထပ်တင်ပေးပါမယ်။ မသိရှိတာ comment မှာဖြစ်ဖြစ် Chat Box မှာ ဖြစ်ဖြစ်မေးသွားနိုင်ပါတယ်။





အကိုရေ ရှယ်ခွင့်ပြုပါ
ReplyDelete