Posted by : Wai Hlyan Sunday, January 10, 2016

Lesson 7 (Layout & Size)

ဒီ​နေ့တင်​​ပေးမှာက အ​ရေးအကြီးဆုံးအခန်းဖြစ်​တဲ့ Layout အခန်းပါ။ ဘာဖြစ်​လို့အ​ရေးကြီးတာလဲဆို​တော့ ​ဆော့ဝဲတိုင်းမှာ သုံးရမှာမို့လို​ပါ။ ကျွန်​​တော်​ကလဲ တစ်​ခု​လောက်​တင်​​ပေးပြီး ၁ပတ်​​လောက်​နားတာဆို​တော့ မှတ်​မိ​သေးလားမသိပါဘူး။

•Layout ဆိုတာ နားလည်​​အောင်​​ပြောရရင်​ အလွှာ​ပေါ့ဗျာ။ သူများ​တွေက​တော့ ဘယ်​လိုအဓိပ္ပါယ်​ ဖွင့်​လဲမသိဘူး။ ကျွန်​​တော်​က နားလည်​​အောင်​​ပြောလိုက်​တာပါ။ ဥပမာတစ်​ခု​ပြောပါမယ်​။ button တစ်​ခုကိုလုပ်​မယ်​ဆို button ရဲ့code ​တွေဖြစ်​တဲ့
<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"/>

ဆိုတဲ့code ​တွေကို ထည့်​ရပါတယ်​။ ဒီနည်းကို lesson 3 မှ​ပြောထားပြီသားပါ။ button apk တစ်​ခုလုပ်​ရင်​ အဲ့ဒါနဲ့ပဲမပြီးပါဘူး။ project အသစ်​လုပ်​လိုက်​ရင်​ ဘာမှမထည့်​ခင်​​ပေါ်တဲ့code ​တွေမှာ <LinearLayout .........> ဆိုပြီး​တော့ စ​ပေးထားပြီ </LinearLayout> ဆိုပြီး ပြန်​ပိတ်​​ပေးထားပါတယ်​။ အဲ့ဒါ Layout တစ်​ခုပါ။
Layout နှစ်​မျိုးရှိပါတယ်​။ LinearLayout နဲ့ RelativeLayout ဆိုပြီးရှိပါတယ်​။ LinearLayout က သူ့ထဲမှာထည့်​မယ့်​ item(buttonတို့textField)တို့ကို LinearLayout က​နေလှမ်းထိန်းချုပ်​နိုင်​ပြီး​တော့ RelativeLayout က​တော့ Item ​တွေကိုယ်​တိုင်​ ထိန်းချုပ်​နိုင်​ပါတယ်​။ ဥပမာ LinearLayout မှာ android:orientation ကို vertical လုပ်​ထားမယ်​ဆိုရင်​ </LinearLayout> မ​ရောက်​သ​ရွေ့ item ​တွေအကုန်​လုံးက ​ဒေါင်​လိုက်​အ​နေအထားနဲ့ စီသွားပါလိမ့်​မယ်​။
(မှတ်​ချက်​>> Item များမှာ Button များ Text များ TextField များ ကိုရည်​ညွှန်းသည်​။) ပြီး​တော့ android:orientation ကို horizontal လုပ်​လိုက်​ရင်​ </LinearLayout> နဲ့မပိတ်​သ​ရွေ့ အလျားလိုက်​အတိုင်း စီသွားပါလိမ့်​မယ်​။ တကယ်​လို့ <RelativeLayout နဲ့ဆိုရင်​ android:orientation ကအလုပ်​မလုပ်​ပါဘူး။ သူက item က​နေလုပ်​ရတာပါ။ ဥပမာ ခလုပ်​တစ်​ခုကို အလယ်​မှာထားချင်​ရင်​ <Button ဆိုတဲ့ code ​တွေထဲမှာ android:layout_gravity="center" ဆိုတာ​လေးထည့်​ရတာ​ပေါ့။ {layout_gravity အ​ကြောင်းကို Lesson 8တွင်​ ရှင်းလင်း​ပေးသွားပါမည်​။} သူကနည်းနည်း​တော့ အလုပ်​ရှုပ်​တယ်​။ ဒါ​ပေမယ့်​ ခလုပ်​​တွေ တစ်​ခုနဲ့တစ်​ခု ထပ်​ထားလို့ရတယ်​။ ကိုယ်​ကြိုက်​တဲ့​နေရာထားလို့ရတယ်​။ ကျွန်​​တော်​အကြံပြုချင်​တာက​တော့ Linear Layout က RelativeLayout ထက်​ ပိုလွယ်​တာ​ကြောင့်​ မကျွမ်း​သေးရင်​ Linear Layout ပဲသုံးကြပါလို့အကြံပြုပါတယ်​ခဗျာ။

•Size
Size ​တွေအ​ကြောင်း​ပြောမယ်​​နော်​။ ကျွန်​​တော်​လုပ်​ခဲ့တဲ့ Lesson ထဲမှာ ​တွေ့မိမှာ​ပေါ့။ android:layout_width တို့ android:layout_height တို့။ အဲ့အ​ကြောင်း​လေး​ပြောပါမယ်​။ android:layout_width ဆိုတာ အလျားလိုက်​အကျယ်​​ပေါ့။ android:layout_heightဆိုတာက အမြင့်​​ပေါ့။ သူ့မှာvalue သုံးမျိုးရှိပါတယ်​။value ဆိုတာက ညီမျှခြင်းထိုးပြီး "" ထဲ​ရေးတာ​ပေါ့။ ​ရှေ့က android:layout_width တို့ android:layout_heightတို့ android:textတို့က key လို့​ခေါ်ပါတယ်​။(​ကြော်​ငြာဝင်​လိုက်​တာ :-P :-P )  အ​ပေါ်ပြန်​သွားမယ်​ဗျာ။ အဲ့ value သုံးမျိုးက-
1• Match_parent
2•Wrap_content
3•Fix Size တို့ပါ။

•Match_parent
ဒီဟာက​တော့ အသုံးနည်းပါတယ်​။ သူ့အ​ကြောင်းနည်းနည်း​ပြောပြမယ်​​နော်​။ ဥပမာ Button နှစ်​ခုကို အလျားလိုက်​အတိုင်းထားမယ်​ဆိုရင်​ button ​တစ်​ခုရဲ့အကျယ်​ကို screenရဲ့ ၃ပုံတစ်​ပုံ​လောက်​ထားပြီး ​နောက်​တစ်​ခုကို match_parent ထားမယ်​ဆို ကျန်​တဲ့ ၃ပုံ၂ပုံကို match_parent ထားတဲ့ ခလုပ်​က ယူသွားပါလိမ့်​မယ်​။ match_parent က​နောက်​ပိုင်း tutorial ​တွေလုပ်​ရင်း နားလည်​သွားပါလိမ့်​မယ်​။

•Wrap_content

ဒီဟာက ကျွန်​​တော်​​ရှေ့ပိုင်း lesson ​တွေမှာ သုံးခဲ့တဲ့ value ​တွေပါ။ wrap_content သုံးရင်​ သူ့ထဲမှာရှိတဲ့ item ​တွေရှိသ​လောက်​ပဲ ​နေရာယူတာပါ။ ဥပမာ ခလုပ်​တစ်​ခုကို wrap_content နဲ့size ယူမယ်​ဆို ခလုပ်​မှာထည့်​ထားတဲ့ စာလုံးရှိသ​လောက်​ပဲ ​နေရာယူမှာပါ။ ဥပမာ ခလုပ်​တစ်​ခုမှာ android:text က Help လို့ပဲ​ရေးထားရင်​ Help စာလုံးအကျယ်​​လောက်​ပဲ button ကကျယ်​မှာပါ။ ​ဘေးကိုလည်းမပိုပါဘူး။ တကယ်​လို့ android:text မှာ introduction လို​​ရေးထားရင်​​တော့ button က introduction ဆိုတဲ့ စာလုံးအကျယ်​​လောက်​ ကျယ်​သွားပြီး Help ဆိုတဲ့ Button ထက်​ ကြီးသွားမှာ​ပေါ့။ ဒီ​လောက်​ဆို wrap_content အ​ကြောင်းနားလည်​​လောက်​ပါပြီ။

Fix_size
ဒီမှာနှစ်​မျိုးထပ်​ကွဲပါတယ်​။

Fill_parentနဲ့ dp ဆိုတဲ့ ယူနစ်​ပါတဲ့ size ပါ။
Fill_parent အ​ကြောင်းအရင်​​ပြောပါမယ်​။ fill_parent ဆိုတာ အပြည့်​ယူတာ​ပေါ့။ ဥပမာ ခလုပ်​တစ်​ခုရဲ့ အကျယ်​ကို screen အပြည့်​ယူချင်​ရင်​ android:layout_width="fill_parent"ဆိုပြီး သုံးရပါတယ်​။ ​နောက်​ပြီး အမြင့်​ပါအပြည့်​ထပ်​ယူချင်​ရင်​ android:layout_height ကို fill_parent လုပ်​လိုက်​​ပေါ့။
နောက်​တစ်​ခုက dp နဲ့​ရေးတာပါ။ dp ဆိုတာ အတိုင်းအတာရဲ့ ယူနစ်​ပါ။ သူက button တို့ text တို့ကို တစ်​ညီတည်းထားချင်​ရင်​ သုံးတာပါ။ ဥပမာ ခလုပ်​နှစ်​ခုကို အကျယ်​အတူတူပဲ ထားချင်​ရင်​ wrpa_contentလည်းသုံးလို့မရပါဘူး။ ဘာဖြစ်​လို့လဲဆို​တော့ စာလုံးချင်းမှမတူတာ။ fill_parent လိုအပြည့်​လဲမထားချင်​ပါဘူး။ အဲ့ကျရင်​ ခလုပ်​နှစ်​ခုလုံးရဲ့ layout_width value ကို 100dp လို့သုံးပါတယ်​။ နည်းနည်းထပ်​ကျယ်​ချင်​​သေးရင်​ 150dp တို 200dp တို့ ကြိုက်​သလို့သုံးလို့ရပါတယ်​။ height လဲအဲ့တိုင်းပါပဲ ခလုပ်​နှစ်​ခုလုံးကို android:layout_height="80dp" ဆိုပြီး နှစ်​ခုလုံးထည့်​လိုက်​ရင်​ အမြင့်​တူသွားပါပြီ။ အဲ့​လောက်​ဆို စိတ်​ကြိုက်​ထည့်​ပြီးသုံးကြည့်​ပါ။

အစက​တော့ Layout ဆိုပြီး lesson တစ်​ခါ size ဆိုပြီး lesson တစ်​ခါ တင်​​ပေးမလို့ပါ။ နှစ်​ခုလုံးအ​ရေးကြီးတာမို့လို့ တစ်​ကွဲတစ်​ပြားစီ မဖြစ်​​အောင်​ စုတင်​​ပေးလိုက်​တာပါ။ ​နောက်​ထပ်​ အ​သေးစိတ်​ကို ​နောက်​ထပ်​Lesson ​တွေမှာကြုံရင်​ကြုံသလို ​ပြောပြ​ပေးသွားပါမယ်​။

အဆင်​မ​ပြေတာ​လေး​တွေ comment မှာ ဝင်​​ပေးနိုင်​ပါတယ်။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

{ 3 မှတ်​ချက်​များ... read them below or Comment }

  1. ကောင်းတယ်ဆရာ။ နည်းနည်းတော့ကြာတယ်။

    ReplyDelete
  2. ဆရာ ပြန်​ရှယ်​​လိုက်​တယ်

    ReplyDelete
  3. ကောင်းလိုက်တာ ကျေးဇူးလည်းတင်ပါတယ် ဆရာ

    ReplyDelete

လာ​ရောက်​ကြည့်​ရှုသူများ

Welcome to My Blog

Zawgyi-Unicode

Designed by အိမ်​​ရှေ့မင်းသား-နည်းပညာ. Powered by Blogger.

Random Posts

Contact Form

Name

Email *

Message *

Thankful

Popular Posts

- Copyright © Myanmar Android Tutorials For Beginners -Robotic Notes- Powered by Blogger - Designed by Johanes Djogan -