အကြောင်းအမျိုးမျိုးကြောင့် ကွန်ပြူတာ မကိုင်နိုင်သေးလို့ AIDE.apk သုံးရင်း ကြုံတွေ့ရသည့် ပြသနာဖြေရှင်းနည်း။
ဒီ post ကိုတော့ ကျွန်တော်ကိုယ်တိုင် မိန်းမက ကွန်ပြူတာ မဝယ်ပေးသေးသောကြောင့် AIDE သုံးရင်း ကျော်လွှားခဲ့ရတဲ့နည်းကို ပြောပြမှာပါ။
AIDE ဟာfree ဖြစ်တဲ့အတွက် သုံးရတာဟာ ကောက်ညှင်းစားပြီး ပလွေမှုတ်ရသလို လက်ပေါက်ကပ်လှပါတယ်။
java ဖိုင် နှစ်ခုထက် ပိုပြီး create လုပ်လို့မရပါဘူး။ လုပ်မိရင် ဘဏ်အကောင့်တောင်းပါလေရော။ စုဗူးလောက်တောင်းတယ်ဆိုလည်း ဟုတ်သေး။ တတ်နိုင်ဘူးလေ။ဝါသနာပိုးက သေးမှမသေးပဲ။ သုံးရတာပေါ့။
ကဲပြောနေရင်ကြာတယ်။မပြောရင်မကြာဘူး။
ကျွန်တော်နဲ့ ဘဝတူတွေကတော့ အောက်ပါ အချက်တွေအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပေးရင် AIDE နဲ့လည်း Large Projects တွေ ရေးနိုင်ပါတယ်။
၁။ ။ AndroidManifest မှာ ကိုယ်လုပ်ချင်သလောက် java ဖိုင်ရဲ့နာမည်တွေကို ရေးနည်းအတိုင်း ရေးပေးပါ။
၁။ ။ ကိုယ့် project ရဲ့ တားဂတ်အလိုက် လိုအပ်မယ့် ဓာတ်ပုံတွေ၊ သီးချင်းတွေ၊ ဗွီဒီယိုတွေ၊ textဖိုင်တွေ၊ ဘာဖိုင်တွေ ညာဖိုင်တွေကို သက်ဆိုင်ရာ folder တွေမှာ ထည့်ပေးပါ။ android.support.v4တို့ v7တို့ ဘာတို့ကို import လုပ်ရမယ့် အခြေအနေမျိုးဆိုရင် အဲ့ဒီ v4,v7တွေကို ဒေါင်း libs ဆိုတဲ့ folder ဆောက်ပြီး ထည့်ပေးလိုက်ပါ။
၃။ ။ ပြီးရင်တော့ xmlဖိုင်တွေ ရေးပေါ့။ ကိုယ့်ရဲ့ ပရောဂျက်မှာ java ဖိုင်က လွဲလို့ တခြားဘာမှ လုပ်စရာမရှိတော့ဘူးဆိုရင် save လိုက်ပါ။သတိထားရမှာက error ရှိနေရင် လုံးဝ save မရဘူးနော်။ဒီနေရာမှာ saveတယ်ဆိုတာ ကိုယ့် projectထဲမှာ ရှိသမျှဖိုင်တွေကို R.java ဖိုင်ထဲကို ပို့တာကိုပြောချင်တာ။ error ရှိနေရင် ကြိုက်သလောက် save။ R.java ဖိုင်ထဲကို ရောက်မသွားဘူး။ R.java မှာ မရှိတဲ့ file,folder,idတွေကို javaဖိုင်တွေကနေ လှမ်းခေါ် ချိတ်လို့မရတော့ဘူး။ save ပြီးရင် ကိုယ့်ထည့်ခဲ့သမျှ ရေးခဲ့သမျှတွေ R.javaမှာ ရှိ မရှိ သွားကြည့်ပေါ့။ ရှိတယ်ဆိုရင် AndroidManifestမှာ ကိုယ်ရေးခဲ့တဲ့ javaဖိုင်နာမည်တွေအတိုင်း ၏သည် မလွဲအောင် javaဖိုင်များကို ရေးနိုင်ပါပြီ။AndroidManifestမှာ ၅ခုရေးထားရင် javaဖိုင် ၅ခုရေးနိုင်ပါပြီ။Manifestမှာ ၅ခဆိုရင်ု java ဖိုင် ၆ခုရေးလို့မရဘူးနော်။
၎။ ။ javaဖိုင်တွေရေးပြီးရင် မsave နဲ့တော့ ။ run သာ runတော့။error ကင်းရင် Large Project ကို အသင်ဖန်တီးပြီးသွားပါပြီ။ Large Projectဆိုတာ AIDE ရဲ့ အဆိုအတိုင်းပြောတာနော်။ AIDE က javaဖိုင် နှစ်ခုထက်ပိုတဲ့ project ကို large project အဖြစ်သတ်မှတ်ပြီး full featureအတွက် ပိုက်ပိုက်တောင်းတာကို ရည်ညွှန်းပြီး သုံးတာပါ။
အဓိက အချက်ကတော့ ကိုယ်ထည့်လိုက်တဲ့ folder,file,id,stringစတာတွေ ကို R.java ဖိုင်ထဲထည့်နိုင်ဖို့ပဲ။ ပြီးရင်တော့ ကိုယ်လက်ဝါးစောင်းထက်ဖို့ပဲ။
ကဲ...ဒါဆိုရင်တော့ ကွန်ပြူတာမရှိသေးတဲ့ ဘဝမှာ AIDE လေးနဲ့ ဖက်အိပ်ပြီး အာသာဖြေနိုင်ပါသေးတယ်လို့...
သင်၏comment တစ်ကြောင်းသည် ကျွန်ုပ်အတွက် နောက်ပိုစ့်များတင်ရန် အားဆေးတစ်ခွက် ဖြစ်စေပါလိမ့်မည်။

good
ReplyDelete