Posted by : Wai Hlyan Sunday, December 27, 2015

ON-OFF Button

Toggle Button ဆိုတာ ဖုန်းအချက်​ပြမီးတို့ ဘာတို့မှာသုံးတဲ့ အဖွင့်​အပိတ်​ ခလုပ်​ပုံစံဖြစ်​ပါတယ်​။ <TextView project အသစ်​လုပ်​လိုက်​ပါ။ ဒီနားမှာနည်းနည်း​ပြောချင်​ပါတယ်​။ project အသစ်​​ရွေးတဲ့အခါ ကျွန်​​တော်​ပုံမှာပြထားတဲ့ အလယ်​ကဟာကို​ရွေးပါ။


ဘာဖြစ်​လို့လဲဆို​တော့ ကျွန်​​တော်​​ရေးတဲ့ ဟာ​တွေနဲ့ လွဲ​နေမှာစိုးလို့ပါ။

ကဲ.... မူရင်း​ခေါင်းစဉ်​ကို ပြန်​သွားကြတာ​ပေါ့။


project အသစ်​လုပ်​လိုက်​ပါ။ ပြီးရင်​ ပုံမှာပြထားတဲ့အတိုင်း ​အောက်​ကcode ​တွေကိုထည့်​လိုက်​ပါ။

<ToggleButton
android:layout_height="wrap_content"android:layout_width="wrap_content"/>

Run ပြီးခလုပ်​​လေးနှိပ်​ကြည့်​ပါ။


ON-OFF ခလုပ်​​လေးရပါလိမ့်​။


နောက်​ထပ်​ခလုပ်​တစ်​ခုလုပ်​ဖို့ ​စော​စောကထည့်​ထားတဲ့ code ​နောက်​က​နေ နှစ်​​ကြောင်း​လောက်​ဆင်းလိုက်​ပါ။ ပြီး​တော့ ဒီ​အောက်​က code​လေး​တွေထည့်​ကြည့်​ပါ။

<Switch
android:layout_height="wrap_content"
android:layout_width="wrap_content"/>


ပုံထဲကအတိုင်း ရရှိပါလိမ့်​မယ်​။


အဲ့code ​အောက်​က​နေပြီး နှစ်​​ကြောင်း​လောက်​ထပ်​ဆင်းပြီး ​အောက်​က code​လေး​တွေထပ်​ ထည့်​ကြည့်​ပါ။

<CheckBox
android:layout_height="wrap_content"
android:layout_width="wrap_content"
android:text="mark here"/>

Run လို့ရပါပြီ။ အဲ့code​တွေမှာ android:text="mark here" ဆိုတဲ့​နေရာမှာ mark here ဆိုတာ ဒီမှာအမှန်​ခြစ်​ပါ​ပေါ့။ အဲ့​နေရာမှာမိမိစိတ်​ကြိုက်​ ထည့်​သွင်းလို့ ရပါတယ်​။


ဒီလို​လေး​ပေါ့။


ပြီးရင်​ အဲ့code​တွေရဲ့​နောက်​က​နေ နှစ်​​ကြောင်း​လောက် ထပ်​ဆင်းလိုက်​ပါ။ ပြီးရင်​ဒီ​အောက်​ကcode​လေး ထပ်​ထည့်​ပြီး run ကြည့်​မယ်​​နော်​။

<RadioButton
android:layout_height="wrap_content"
android:layout_width="wrap_content"
android:text="Radio Button"/>

ဒီမှာလည်းအ​ပေါ်အတိုင်းပဲ android:text ​နေရာမှာမိမိစိတ်​ကြိုက်​ထည့်​လို့ ရတယ်​​​နော်​။


ဒီပုံ​လေးရရှိပါလိမ့်​မယ်​။


နောက်​ဆုံးတစ်​ခုအ​နေနဲ့ အဲ့code ရဲ​နောက်​က​နေ နှစ်​​ကြောင်း​လောက် ထပ်​ဆင်း​ပေးပြီး ​အောက်​ကcode ထည့်​ပြီး run ကြည့်​ပါ။

<SeekBar
android:layout_height="wrap_content"
android:layout_width="150dp"/>

သူကျ​တော့ android:layout_width ကို wrap_content လုပ်​လို့မရ​တော့ပါ wrap_content ဆိုလျှင်​ bar မှာအလွန်​တိုသွားပါလိမ့်​မယ်​။ ဒါ့​ကြောင့်​ 150dp ထားလိုက်​ပါတယ်​။ 150dp ​နေရာမှာ သင့်​စိတ်​ကြိုက်​ ​ပြောင်းလဲနိုင်​ပါ တယ်​။ ဤwrap_content အ​ကြောင်းကို ​နောက်​ပိုင်းတွင်​ ရှင်းလင်း​ပေးသွားပါမည်​။


ဒီလို​လေးပါပဲ။

ဒီ​နေ့တင်​သွားတဲ့ အ​ကြောင်းအရာက ​လေ့လာသူ​တော်​​တော်​များများ ​တွေ့ဖူးပြီးသား​တွေပါပ။ဲ အဲ့လိုခလုပ်​​တွေ ဘယ်​လိုလုပ်​လဲဆိုတာ သိ​အောင်​လို့ပါ။ ​နောက်​ထပ်​လည်း ထပ်​မံတင်​​ပေးသွားပါမည်​။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

{ 5 မှတ်​ချက်​များ... read them below or Comment }

  1. ဖတ်ရင်း လိုက်လုပ်ရင်းနဲ့ ကျနော်တောင်တော်တော်ဟုတ်လာပြီ။
    ကျေးဇူးအရမ်းတင်တယ်ဗျာ။

    သင်ခန်းစာပြီးတဲ့အထိ သင်ယူသွားမှာပါ။
    နှစ်သစ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။

    ReplyDelete
    Replies
    1. ​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေဗျာ

      Delete
  2. ​ကျေးဇူးပါခင်​ဗျ...သင်​ယူ​နေမှာပါဆရာ

    ReplyDelete
  3. ​ကျေးဇူးပါခင်​ဗျ...သင်​ယူ​နေမှာပါဆရာ

    ReplyDelete
  4. Lesson 1 to 10 ebookလေးလုပ်ပေးပါလား

    ReplyDelete

လာ​ရောက်​ကြည့်​ရှုသူများ

Welcome to My Blog

Zawgyi-Unicode

Designed by အိမ်​​ရှေ့မင်းသား-နည်းပညာ. Powered by Blogger.

Random Posts

Contact Form

Name

Email *

Message *

Thankful

Popular Posts

- Copyright © Myanmar Android Tutorials For Beginners -Robotic Notes- Powered by Blogger - Designed by Johanes Djogan -