Posted by : Wai Hlyan Sunday, January 17, 2016

Lesson 8 (Gravity & Layout Gravity)

ကျွန်​​တော်​ lesson 7 မှာကြော်​ငြာခဲ့တဲ့အတိုင်း Gravity နဲ့ Layout Gravity အ​ကြောင်းတင်​​ပေးမှာ ဖြစ်​ပါတယ်​။

Gravity ဆိုတာ Item ​တွေကို အလယ်​ ​ဘယ်​ ညာ အ​ပေါ် ​အောက်​ ထားတာပါ။ ဥပမာ Layout တစ်​ခုထဲမှာ Button တစ်​ခုပါမယ်​ဗျာ။ အဲ့Buttonကို Layout ရဲ့ အ​ပေါ်မှာထားမလား အလယ်​မှာထားမလား ​အောက်​မှာထားမလား။ ကိုယ်​ထားချင်​တဲ့​နေရာကို Gravity နဲ့သုံးပြီိးထားပါတယ်​။ Gravity ကို Linear Layout မှာပဲသုံးလို့ရပါတယ်။

ဥပမာနဲ့​ပြောမယ်​​နော်​။ Button တစ်​ခုကို အ​ပေါ်မှာထားချင်​တယ်​ဆိုရင်

<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:orientation="vertical"
android:gravity="center">

<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"/>

</LinearLayout>

အဲ့လိုထည့်​ရပါတယ်​။
android:gravity ကိုစစလုပ်​ချင်း project အသစ်​လုပ်​တိုင်း center ​ပေးထားပါတယ်​။ အဲ့code ​တွေကို Run ရင်​ အလယ်​တည့်​တည့်​မှာ ခလုပ်​တစ်​ခုရပါတယ်​။ android:gravity ကို Limear Layout ထဲမှာထည့်​ထားလို့ </LinearLayout> မပိတ်​မချင်းကြားထဲမှာ ရှိတဲ့ item ​တွေအကုန်​လုံး အလယ်​မှာပဲ ရှိ​နေပါလိမ့်​မယ်​။ ​နောက်​တစ်​မျိုးလုပ်​ကြည့်​တာ​ပေါ့။

Button ကိုအ​ပေါ်မှာထားမယ်​ဆိုရင်​ center ​နေရာမှာ top လို့ထည့်​လိုက်​ပါ။

ဘယ်​ဘက်​မှာကပ်​ချင်​ရင်​ left
ညာဖက်​မှာကပ်​ချင်​ရင်​ right
အ​ပေါ်မှာဆို top
အောက်​ဖက်​ကပ်​ရင်​ bottom
ဒေါင်​လိုက်​အလယ်​ဆိုရင်​ center_vertical
အလျားလိုက်​အလယ်​ဆိုရင်​ center_horizontal

အဲ့key ​လေး​တွေ ထည့်​ပြီး စမ်းကြည့်​ပါ။ ​နောက်​ထပ်​ရှိပါ​သေးတယ်​။ အသုံးနည်းလို့မ​ပြောပြ​တော့တာပါ။

•Layout Gravity

Gravity မှာက center လို့​ခေါ်လိုက်​ရင်​ အကုန်​လုံးက အလယ်​မှာချည်း​ရောက်​​နေတယ်​​ဗျာ။ အခုကိုယ်​လိုချင်​တာက ဘယ်​မှာတစ်​ခု ​ညာမှာ တစ်​ခုဆိုရင်​​တော့ Layout gravity ကိုသုံးပါတယ်​။ အ​ပေါ်က tutorial မှာလုပ်​ခဲ့တဲ့ android:gravity="center" ဆိုတဲ့စာ​ကြောင်းကိုဖျက်​လိုက်​ပါ။
ပြီးရင်

<?xml version="1.0" encoding="utf-8"?>
<LinearLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:orientation="vertical">

<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"
android:layout_gravity="left"/>

<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"
android:layout_gravity="right"/>

</LinearLayout>
အဲ့တိုင်းထည့်​လိုက်​ပါ။ အဲ့ကျရင်​ ဘယ်​တစ်​ခု ညာတစ်​ခုဖြစ်​​နေပါလိမ့်​မယ်​။

များ​သောအားဖြင့်​ Layout Gravityကို Layout နှစ်​ဆင့်​သုံးရင်​ ပိုပြီးအသုံးများပါတယ်​။ ဥပမာ Linear Layout ထဲမှာ Linear Layout ထပ်​ထည့်​မယ်​ဆိုရင်​ Layout Gravity ကိုသုံးပါတယ်​။ အ​သေးစိတ်​ကို ​နောက်​ tutorial ​တွေမှာ အင့်​ရင်​သင့်​သလို ရှင်းပြ​ပေးသွားပါမယ်​။

မရှင်းလင်းတာ​တွေကို Comment မှာ​မေးသွားနိုင်​ပါတယ်​။



သင်​၏comment တစ်​​ကြောင်းသည်​ ကျွန်ုပ်​အတွက်​ ​နောက်ပိုစ့်​များတင်​ရန်​ အား​ဆေးတစ်​ခွက်​ ဖြစ်​​စေပါလိမ့်​မည်​။

Leave a Reply

Subscribe to Posts | Subscribe to Comments

လာ​ရောက်​ကြည့်​ရှုသူများ

Welcome to My Blog

Zawgyi-Unicode

Designed by အိမ်​​ရှေ့မင်းသား-နည်းပညာ. Powered by Blogger.

Random Posts

Contact Form

Name

Email *

Message *

Thankful

Popular Posts

- Copyright © Myanmar Android Tutorials For Beginners -Robotic Notes- Powered by Blogger - Designed by Johanes Djogan -