Lesson 7 (Layout & Size)
ဒီနေ့တင်ပေးမှာက အရေးအကြီးဆုံးအခန်းဖြစ်တဲ့ Layout အခန်းပါ။ ဘာဖြစ်လို့အရေးကြီးတာလဲဆိုတော့ ဆော့ဝဲတိုင်းမှာ သုံးရမှာမို့လိုပါ။ ကျွန်တော်ကလဲ တစ်ခုလောက်တင်ပေးပြီး ၁ပတ်လောက်နားတာဆိုတော့ မှတ်မိသေးလားမသိပါဘူး။
•Layout ဆိုတာ နားလည်အောင်ပြောရရင် အလွှာပေါ့ဗျာ။ သူများတွေကတော့ ဘယ်လိုအဓိပ္ပါယ် ဖွင့်လဲမသိဘူး။ ကျွန်တော်က နားလည်အောင်ပြောလိုက်တာပါ။ ဥပမာတစ်ခုပြောပါမယ်။ button တစ်ခုကိုလုပ်မယ်ဆို button ရဲ့code တွေဖြစ်တဲ့
<Button
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="Button"/>
ဆိုတဲ့code တွေကို ထည့်ရပါတယ်။ ဒီနည်းကို lesson 3 မှပြောထားပြီသားပါ။ button apk တစ်ခုလုပ်ရင် အဲ့ဒါနဲ့ပဲမပြီးပါဘူး။ project အသစ်လုပ်လိုက်ရင် ဘာမှမထည့်ခင်ပေါ်တဲ့code တွေမှာ <LinearLayout .........> ဆိုပြီးတော့ စပေးထားပြီ </LinearLayout> ဆိုပြီး ပြန်ပိတ်ပေးထားပါတယ်။ အဲ့ဒါ Layout တစ်ခုပါ။
Layout နှစ်မျိုးရှိပါတယ်။ LinearLayout နဲ့ RelativeLayout ဆိုပြီးရှိပါတယ်။ LinearLayout က သူ့ထဲမှာထည့်မယ့် item(buttonတို့textField)တို့ကို LinearLayout ကနေလှမ်းထိန်းချုပ်နိုင်ပြီးတော့ RelativeLayout ကတော့ Item တွေကိုယ်တိုင် ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ LinearLayout မှာ android:orientation ကို vertical လုပ်ထားမယ်ဆိုရင် </LinearLayout> မရောက်သရွေ့ item တွေအကုန်လုံးက ဒေါင်လိုက်အနေအထားနဲ့ စီသွားပါလိမ့်မယ်။
(မှတ်ချက်>> Item များမှာ Button များ Text များ TextField များ ကိုရည်ညွှန်းသည်။) ပြီးတော့ android:orientation ကို horizontal လုပ်လိုက်ရင် </LinearLayout> နဲ့မပိတ်သရွေ့ အလျားလိုက်အတိုင်း စီသွားပါလိမ့်မယ်။ တကယ်လို့ <RelativeLayout နဲ့ဆိုရင် android:orientation ကအလုပ်မလုပ်ပါဘူး။ သူက item ကနေလုပ်ရတာပါ။ ဥပမာ ခလုပ်တစ်ခုကို အလယ်မှာထားချင်ရင် <Button ဆိုတဲ့ code တွေထဲမှာ android:layout_gravity="center" ဆိုတာလေးထည့်ရတာပေါ့။ {layout_gravity အကြောင်းကို Lesson 8တွင် ရှင်းလင်းပေးသွားပါမည်။} သူကနည်းနည်းတော့ အလုပ်ရှုပ်တယ်။ ဒါပေမယ့် ခလုပ်တွေ တစ်ခုနဲ့တစ်ခု ထပ်ထားလို့ရတယ်။ ကိုယ်ကြိုက်တဲ့နေရာထားလို့ရတယ်။ ကျွန်တော်အကြံပြုချင်တာကတော့ Linear Layout က RelativeLayout ထက် ပိုလွယ်တာကြောင့် မကျွမ်းသေးရင် Linear Layout ပဲသုံးကြပါလို့အကြံပြုပါတယ်ခဗျာ။
•Size
Size တွေအကြောင်းပြောမယ်နော်။ ကျွန်တော်လုပ်ခဲ့တဲ့ Lesson ထဲမှာ တွေ့မိမှာပေါ့။ android:layout_width တို့ android:layout_height တို့။ အဲ့အကြောင်းလေးပြောပါမယ်။ android:layout_width ဆိုတာ အလျားလိုက်အကျယ်ပေါ့။ android:layout_heightဆိုတာက အမြင့်ပေါ့။ သူ့မှာvalue သုံးမျိုးရှိပါတယ်။value ဆိုတာက ညီမျှခြင်းထိုးပြီး "" ထဲရေးတာပေါ့။ ရှေ့က android:layout_width တို့ android:layout_heightတို့ android:textတို့က key လို့ခေါ်ပါတယ်။(ကြော်ငြာဝင်လိုက်တာ :-P :-P ) အပေါ်ပြန်သွားမယ်ဗျာ။ အဲ့ value သုံးမျိုးက-
1• Match_parent
2•Wrap_content
3•Fix Size တို့ပါ။
•Match_parent
ဒီဟာကတော့ အသုံးနည်းပါတယ်။ သူ့အကြောင်းနည်းနည်းပြောပြမယ်နော်။ ဥပမာ Button နှစ်ခုကို အလျားလိုက်အတိုင်းထားမယ်ဆိုရင် button တစ်ခုရဲ့အကျယ်ကို screenရဲ့ ၃ပုံတစ်ပုံလောက်ထားပြီး နောက်တစ်ခုကို match_parent ထားမယ်ဆို ကျန်တဲ့ ၃ပုံ၂ပုံကို match_parent ထားတဲ့ ခလုပ်က ယူသွားပါလိမ့်မယ်။ match_parent ကနောက်ပိုင်း tutorial တွေလုပ်ရင်း နားလည်သွားပါလိမ့်မယ်။
•Wrap_content
ဒီဟာက ကျွန်တော်ရှေ့ပိုင်း lesson တွေမှာ သုံးခဲ့တဲ့ value တွေပါ။ wrap_content သုံးရင် သူ့ထဲမှာရှိတဲ့ item တွေရှိသလောက်ပဲ နေရာယူတာပါ။ ဥပမာ ခလုပ်တစ်ခုကို wrap_content နဲ့size ယူမယ်ဆို ခလုပ်မှာထည့်ထားတဲ့ စာလုံးရှိသလောက်ပဲ နေရာယူမှာပါ။ ဥပမာ ခလုပ်တစ်ခုမှာ android:text က Help လို့ပဲရေးထားရင် Help စာလုံးအကျယ်လောက်ပဲ button ကကျယ်မှာပါ။ ဘေးကိုလည်းမပိုပါဘူး။ တကယ်လို့ android:text မှာ introduction လိုရေးထားရင်တော့ button က introduction ဆိုတဲ့ စာလုံးအကျယ်လောက် ကျယ်သွားပြီး Help ဆိုတဲ့ Button ထက် ကြီးသွားမှာပေါ့။ ဒီလောက်ဆို wrap_content အကြောင်းနားလည်လောက်ပါပြီ။
Fix_size
ဒီမှာနှစ်မျိုးထပ်ကွဲပါတယ်။
Fill_parentနဲ့ dp ဆိုတဲ့ ယူနစ်ပါတဲ့ size ပါ။
Fill_parent အကြောင်းအရင်ပြောပါမယ်။ fill_parent ဆိုတာ အပြည့်ယူတာပေါ့။ ဥပမာ ခလုပ်တစ်ခုရဲ့ အကျယ်ကို screen အပြည့်ယူချင်ရင် android:layout_width="fill_parent"ဆိုပြီး သုံးရပါတယ်။ နောက်ပြီး အမြင့်ပါအပြည့်ထပ်ယူချင်ရင် android:layout_height ကို fill_parent လုပ်လိုက်ပေါ့။
နောက်တစ်ခုက dp နဲ့ရေးတာပါ။ dp ဆိုတာ အတိုင်းအတာရဲ့ ယူနစ်ပါ။ သူက button တို့ text တို့ကို တစ်ညီတည်းထားချင်ရင် သုံးတာပါ။ ဥပမာ ခလုပ်နှစ်ခုကို အကျယ်အတူတူပဲ ထားချင်ရင် wrpa_contentလည်းသုံးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာလုံးချင်းမှမတူတာ။ fill_parent လိုအပြည့်လဲမထားချင်ပါဘူး။ အဲ့ကျရင် ခလုပ်နှစ်ခုလုံးရဲ့ layout_width value ကို 100dp လို့သုံးပါတယ်။ နည်းနည်းထပ်ကျယ်ချင်သေးရင် 150dp တို 200dp တို့ ကြိုက်သလို့သုံးလို့ရပါတယ်။ height လဲအဲ့တိုင်းပါပဲ ခလုပ်နှစ်ခုလုံးကို android:layout_height="80dp" ဆိုပြီး နှစ်ခုလုံးထည့်လိုက်ရင် အမြင့်တူသွားပါပြီ။ အဲ့လောက်ဆို စိတ်ကြိုက်ထည့်ပြီးသုံးကြည့်ပါ။
အစကတော့ Layout ဆိုပြီး lesson တစ်ခါ size ဆိုပြီး lesson တစ်ခါ တင်ပေးမလို့ပါ။ နှစ်ခုလုံးအရေးကြီးတာမို့လို့ တစ်ကွဲတစ်ပြားစီ မဖြစ်အောင် စုတင်ပေးလိုက်တာပါ။ နောက်ထပ် အသေးစိတ်ကို နောက်ထပ်Lesson တွေမှာကြုံရင်ကြုံသလို ပြောပြပေးသွားပါမယ်။
အဆင်မပြေတာလေးတွေ comment မှာ ဝင်ပေးနိုင်ပါတယ်။
သင်၏comment တစ်ကြောင်းသည် ကျွန်ုပ်အတွက် နောက်ပိုစ့်များတင်ရန် အားဆေးတစ်ခွက် ဖြစ်စေပါလိမ့်မည်။

ကောင်းတယ်ဆရာ။ နည်းနည်းတော့ကြာတယ်။
ReplyDeleteဆရာ ပြန်ရှယ်လိုက်တယ်
ReplyDeleteကောင်းလိုက်တာ ကျေးဇူးလည်းတင်ပါတယ် ဆရာ
ReplyDelete